ကျွန်ုပ်တို့အား တိုးတက်အောင် ကူညီပေးသည့်အတွက် ကျေးဇူးတင်ပါသည်။

No images? Click here

 
GenV သတင်းခေါင်းစီး

ဤစာစောင်ကို အောက်ပါတို့တွင် ယခု ရရှိနေပြီ - English, Arabic (العربية), Burmese (မြန်မာဘာသာ), Dari (دری), Punjabi (ਪੰਜਾਬੀ), Simplified Chinese (中文普通话), Vietnamese (Tiếng Việt)! GenV သတင်းများကို ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက် ဤနေရာ တွင် ကြည့်ပါ။ 

ဤစာစောင်ကို အခြားဘာသာစကားများဖြင့် ယခု ရရှိနေပါပြီ!

 2024 ခုနှစ် နွေဦး GenV သတင်း 

ကျွန်ုပ်တို့၏ သိပ္ပံပညာရပ်ဆိုင်ရာ ဒါရိုက်တာထံမှ သတင်းစကား

GenV and Me  စစ်တမ်းမေးခွန်းများကို ကျွန်ုပ်တို့ရွေးချယ်ပုံကဲ့သို့သော  –  နောက်ကွယ်မှအလုပ်အချို့ကိုပြသထားသော ကျွန်ုပ်တို့၏ နွေဦး GenV သတင်း မှကြိုဆိုပါသည်။

ကျွန်ုပ်တို့၏ GenV ကလေးများအတွက်ပင်လျှင် - အချိန်များ ကုန်ဆုံးနေပါသည်။ အငယ်ဆုံးကလေးသည် နောက်လတွင် ၁ နှစ်ပြည့်တော့မည်။ သို့သော် ကျွန်ုပ်တို့တံခါး အမြဲဖွင့်ထားပါသည်။ 2021 ခုနှစ် အောက်တိုဘာလ နှင့် 2023 ခုနှစ် အောက်တိုဘာလကြား မွေးဖွားသောကလေးများသည် အချိန်မရွေး ချိတ်ဆက်နိုင်ပါသည်။ ကျွန်ုပ်တို့သည် ဆေးရုံများတွင် မိသားစုများထံ သွားရောက်လည်ပတ်ခြင်းကို ရပ်တန့်လိုက်ကတည်းက၊ အခြားမိသားစု 3,500 ကို အွန်လိုင်းတွင် ကြိုဆိုပြီးဖြစ်ပါသည်။ သတင်းစကားဖြန့်ဝေပေးခြင်းအတွက် ကျေးဇူးတင်ပါသည်။

MCG - မဲလ်ဘုန်း ခရစ်ကတ်ကွင်း (Melbourne Cricket Ground) ကဲ့သို့ ကြီးမားသော တစ်စုံတစ်ရာ တည်ဆောက်ခြင်းသည် အချိန်ယူရပါသည်။ GenV သည်လည်း အတူတူပင်ဖြစ်သည်။ အစပိုင်းတွင်၊ ကျွန်ုပ်တို့အဖွဲ့သည် ဗစ်တိုးရီးယားတဝိုက်ရှိ အမျိုးသမီးဆေးရုံ 58 ခုတွင် ရှိခဲ့ပါသည်။ ဒီနှစ်တွင်၊ ကျွန်ုပ်တို့သည် သင့်အတွက် အရာရာ ရိုးရှင်းလွယ်ကူအောင် ပြုလုပ်ရင်း GenV ကို တည်ဆောက်နေပါသည်။ ကျွန်ုပ်တို့သည် ရှိနှင့်ပြီးသားဒေတာနှင့် ချိတ်ဆက်၊ အရေးကြီးစနစ်များ တည်ဆောက်ပေးသည့်အပြင် သုတေသီများ အနာဂါတ်တွင် အသုံးပြုမည်ဖြစ်သော ကိရိယာများကို ဖန်တီးပေးပါသည်။

ယခုအခါ GenV သည် စတင်လည်ပတ်နေပါပြီ၊ ကျွန်ုပ်တို့သည် ယနေ့ခေတ်၏ ကြီးမားသောစိန်ခေါ်မှုများနှင့်ပတ်သက်၍ GenV ဘာလုပ်နိုင်ကြောင်းကို ကျွန်ုပ်တို့၏ပါတနာများအားလည်း စိတ်ကူးပုံဖော်ကြည့်ခိုင်းနေပါသည်။ စိတ်ကျန်းမာရေး၊ ကင်ဆာ၊ နှလုံးနှင့်အဆုတ်ကျန်းမာရေး၊ ဖွံ့ဖြိုးမှု၊ နားကြားခြင်း…နောင်ဆယ်နှစ်ကျော်အကြာတွင် မည်သည်က  ကျွန်ုပ်တို့၏ 'သက်ရောက်မှုရှိသော ပရိုဂရမ်များ' ဖြစ်လိမ့်မည်နည်း။

အကောင်းဆုံးသော ဆန္ဒများဖြင့်၊ 
ပရော်ဖက်ဆာ Melissa Wake - GenV သိပ္ပံပညာရပ်ဆိုင်ရာ ဒါရိုက်တာ

 
 

မွေးဖွားခြင်းအတွေ့အကြုံများမှ သင်ယူခြင်း

GenV သည် ဗစ်တိုးရီးယားတဝိုက်ရှိ ဆေးရုံများမှ မွေးဖွားမှုမှတ်တမ်းများနှင့် မကြာမီ ချိတ်ဆက်ပါလိမ့်မည်။ ဤသည်တို့တွင် မွေးဖွားမှုအမျိုးအစားများ၊ ဆေးရုံတွင်ကြာချိန်၊ ပြဿနာတစ်စုံတစ်ရာ၊ နှင့် အသုံးပြုခဲ့သော ဝန်ဆောင်မှုများ ပါဝင်သည်။ သုတေသီများအနေဖြင့် ၎င်းမှတ်တမ်းများက နောက်ပိုင်းတွင် ကျန်းမာရေးကို မည်သို့သက်ရောက်ကြောင်း လေ့လာနိုင်သည်။

ကျွန်ုပ်တို့သည် သင့်အချက်အလက်အသေးစိတ်ကို သင့်ဆေးရုံမှတ်တမ်းများနှင့် တိုက်ဆိုင်စစ်ဆေးရန် အသုံးပြုပါသည်။ အချို့လူများတွင် အမည်တူ သို့မဟုတ် အချက်အလက်တူများ ရှိတတ်သည်၊ သို့သော် သင့်ဆေးရုံနံပါတ် (URN) မှာ သင့်အတွက်သီးသန့်ဖြစ်သည်။ URN အသုံးပြုခြင်းသည် ကျွန်ုပ်တို့အား လူတိုင်းကို လျှင်မြန်စွာ တိုက်ဆိုင်စစ်ဆေးရာတွင် ကူညီပေးသည်။ ထိုသို့တိုက်ဆိုင်စစ်ဆေးပြီးနောက် ကျွန်ုပ်တို့သည် သင့်အချက်အလက်များကို သင့်ကိုယ်ရေးကိုယ်တာ အသေးစိတ်အချက်များမှ ခွဲခြားသိမ်းဆည်းပါသည်။

မိဘက ကိုင်ထားသော ကလေး၏လက်

၎င်းသည် လူတိုင်းအတွက် ပိုမိုကောင်းမွန်သော ကိုယ်ဝန်ဆောင်နှင့်မွေးဖွားမှု ရလဒ်များဆီသို့ ဦးတည်နိုင်မည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်။

ကျွန်ုပ်တို့၏ URN နှင့် အခြား ခွဲခြားသတ်မှတ်မှုများ FAQs များကို ဒီမှာကြည့်ပါ
 

ဝမ်းတစ်လုံးကောင်း ခေါင်းမခဲ!

ဧပြီလတွင်၊ ကျွန်ုပ်တို့သည် အံ့သြစရာကောင်းသောအချက်တစ်ခုကို ဖော်ပြခဲ့သည် - ကျွန်ုပ်တို့၏ဝမ်းအတွင်း၌ အဏုဇီဝပိုးမွှားပေါင်း ထရီလျံပေါင်းများစွာရှိသည်။ ၎င်းတို့က ကျွန်ုပ်တို့အား ကျန်းမာစေသလို တခါတရံ နေထိုင်မကောင်းဖြစ်စေသည်။  GenV မိသားစုပေါင်း 7,200 ကျော်ကို ကျေးဇူးတင်ပါသည်၊ ကျွန်ုပ်တို့ထံတွင် ဩစ‌တေးလျနိုင်ငံတွင်း အကြီးမားဆုံးသော မွေးကင်းစကလေး ဝမ်းနမူနာစုဆောင်းမှု ရှိပါသည်။

ဤကလေးများသည် ယခု လမ်းလျောက်တတ်စကလေးအရွယ်များ ဖြစ်နေပါပြီ! ဤကလေးများ အသက် 2 နှစ် (2024 ခုနှစ် အောက်တိုဘာလ မှစ၍) ပြည့်သောအခါ ကျွန်ုပ်တို့သည် နောက်ထပ် ဝမ်းစုဆောင်းမှုကိရိယာစုံပုံးကို တင်ပေးပါမည်။ သင်သည် ဤမိသားစုများထဲမှ တစ်ဦးဖြစ်ပါက နောက်ထပ်နမူနာပေးရန် သဘောတူမည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်။ ထို့နောက် သုတေသီများသည် နောက်ပိုင်းအချိန်များတွင် အစာအိမ်လမ်းကြောင်းကျန်းမာရေးကို ကြည့်ရှုနိုင်သည်။ အစောပိုင်းကလေးဘဝတွင် အဏုဇီဝပိုးမွှားများ ပြောင်းလဲသွားပုံနှင့် ၎င်းက ကျန်းမာရေးနှင့် ဖွံ့ဖြိုးမှုအပေါ် အကျိုးသက်ရောက်ပုံကို ကျွန်ုပ်တို့ မြင်တွေ့နိုင်သည်။

 

သင့်ကလေး၏ ဒုတိယမြောက်မွေးနေ့ဝန်းကျင်ရှိ ပေးပို့စာတွင် ကိရိယာစုံပုံးကို ရှာဖွေပါ။ ပျော်ရွှင်သော စုဆောင်းမှု!

အသဲပုံများနှင့် ပြုံးနေသော အညိုရောင် မစင်ပုံ အီမိုဂျီ
လိပ်စာပြောင်းလဲခဲ့ပါသလား။ ကျွန်ုပ်တို့အား ဒီမှာ အသိပေးပါ!
 

GenV and Me: သင် ကျွန်ုပ်တို့အား ပြောပြသောအရာ…

အငယ်ဆုံး GenV ကလေးများသည် ၁ နှစ်ပြည့်ခါနီးပါပြီ။ ကျွန်ုပ်တို့၏ 3-လ နှင့် 6-လ စစ်တမ်းကို ပိတ်ပြီးပါပြီ။ 9-လ စစ်တမ်းကို မကြာခင် ပိတ်ပါမည်။  

GenV and Me စစ်တမ်းများကို ဖြည့်ပြီးသော မိသားစုတိုင်းကို ကျေးဇူးတင်ပါသည်။ သင်သည် ကျွန်ုပ်တို့နှင့် အရာများစွာ - ကောင်းကောင်းမွန်မွန်ဖြစ်သွားသော အရာများနှင့် စိန်ခေါ်မှုများရှိနေသောအရာများကို မျှဝေပြီးပါပြီ။ ဥပမာ - 

သင့်ကလေးများသည် 7 ပတ် အရွယ်တွင် စတင်ပြုံးတတ်ခဲ့ပြီး၊ 5 လ အရွယ်တွင် ခန္ဓာကိုယ်ကို စတင်လှိမ့်တတ်ခဲ့ပါသည် 

3-5 လ အရွယ်တွင် -

  • သင့်ကလေးကျန်းမာရေးမှာ သာလွန်ကောင်းမွန် သို့မဟုတ် အလွန်ကောင်းကြောင်း သင်တို့ထဲမှ 93% က ပြောခဲ့ပါသည်။
  • သင့်ကလေး၏ နေ့ဘက်အိပ်စက်ခြင်းမှာ ပြဿနာတစ်ခုဖြစ်ခဲ့ကြောင်း သင်တို့ထဲမှ 54% က ပြောခဲ့ပါသည်။
  • ကလေးမွေးထားသောမိခင် 4,000 ဝန်းကျင်သည် နာကျင်မှု ဆက်လက်ရှိနေခဲ့ပြီး 5,900 ဝန်းကျင်သည် ဆီး သို့မဟုတ် ဝမ်းပြဿနာများ ဆက်လက်ရှိနေခဲ့သည်။
ဆွယ်တာခေါင်းစွပ် စွပ်ထားသော သန်းဝေနေသော ကလေး

သင်သိခဲ့ပါသလား။ ဗစ်တိုးရီးယန်းအစိုးရ (Victorian Government) သည် အမျိုးသမီးများ၏ နာကျင်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုကို လုပ်ဆောင်နေပါသည်။ ဇူလိုင်လတွင် GenV သည် ဗစ်တိုးရီးယန်းမိဘများနှင့် ကလေးများအတွက် ကိစ္စရပ်ကို အဓိကထားကာ ဖုန်းခေါ်ဆိုမှုကို ဖြေကြားခဲ့သည်။ ဤအကူအညီများက ပိုကောင်းသောကုသမှုများနှင့် ပြုစုစောင့်ရှောက်မှုကို လက်လှမ်းမှီရရှိရန် ဦးတည်နိုင်မည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်။

စစ်တမ်းတစ်ခု လွတ်သွားခဲ့ပါသလား။ ကိစ္စမရှိပါဘူး။  နောက်စစ်တမ်းများကို သင် အမြဲတမ်း ဖြည့်နိုင်ပါသည်။ သင် တစ်ခုခုကို လွတ်သွားခဲ့လျှင်တောင်မှ - သင်ဖြည့်သော စစ်တမ်းတိုင်းက ကျွန်ုပ်တို့အား ကူညီပေးပါသည်။

 
GenV and Me ကို အင်္ဂလိပ်၊ မြန်မာ၊ ပန်ချာပီ၊ ရိုးရှင်းသော တရုတ်နှင့် ဗီယက်နမ်ဘာသာစကားတို့ဖြင့် ရရှိနိုင်သည်။

GenV and Me ကို အင်္ဂလိပ်၊ မြန်မာ၊ ပန်ချာပီ၊ ရိုးရှင်းသော တရုတ်နှင့် ဗီယက်နမ်ဘာသာစကားတို့ဖြင့် ရရှိနိုင်သည်။ GenV and Me အက်ပ်ကို ယခု ဒေါင်းလုဒ်လုပ်ပါ!

App Store တံဆိပ်ပေါ်တွင် ဒေါင်းလုဒ်လုပ်ပါ
Google Play တံဆိပ်ပေါ်တွင် ဒေါင်းလုဒ်လုပ်ပါ
 
 

သင့်အား ဂုဏ်ပြုပါတယ်!

သင့်အထိမ်းအမှတ် မှတ်တိုင်များအကြောင်းနှင့် GenV ၏ အစိတ်အပိုင်းဖြစ်ရသည့်အတွက် သင်နှင့်သင့်မိသားစု ဘာကြောင့်ပျော်ရွှင်ကြောင်း ကျွန်ုပ်တို့ ကြားသိချင်ပါသည်။ 

အသက် 1 နှစ် ပြည့်ခဲ့ပြီးသော GenV အဖွဲ့ဝင် Arthur ကို တွေ့ဆုံကြည့်ပါ!  သူ့မိခင် Sasha က သူမ ဘာကြောင့်ချိတ်ဆက်ခဲ့သည်ကို မျှဝေခဲ့ပါသည်။

"ဒီသုတေသနအဖွဲ့ရည်ရွယ်ထားတဲ့ ကတိတွေ နဲ့ ခရီးလမ်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ချင်တာကြောင့် ကျွန်မ GenV မှာ ချိတ်ဆက်ပါဝင်ခဲ့ပါတယ်။ Arthur ရဲ့ ကျန်းမာရေးအကြောင်း စစ်တမ်းတွေ ဖြည့်ပြီး ကျွန်မကလေးအကြောင်း ဒီအဖွဲ့ကြီးကို မျှဝေရတာကို နှစ်သက်ပါတယ်။"

သစ်ကုလားအုတ်ဝတ်စုံ ဝတ်ထားသော ရေချိုးခန်းထဲမှ ကလေးငယ်လေး Arthur
သင့်ဇာတ်လမ်းကို မျှဝေလိုပါသလား။ ကျွန်ုပ်တို့ကို ဒီမှာ ပြောပြပါ။
 

စောင့်ရှောက်မှုအတွက် ခြေဖနောင့်မှ သွေးဖောက်မှုများ

ကလေးငယ် ခြေရာနှစ်ခု

EpiGNs အား မိတ်ဆက်ခြင်း – Epi-Genomic မွေးကင်းစကလေး စစ်ဆေးခြင်းပရိုဂရမ် (Epi-Genomic Newborn Screening program) ၏ အတိုကောက်ဖြစ်သည်။

အချို့ကလေးများသည် ချက်ချင်းမသိသာသော ရှားပါးအခြေအနေများနှင့် မွေးဖွားလာပါသည်။ ကလေးတိုင်းကို စောစီးစွာ စစ်ဆေးခြင်းသည် သူတို့လိုအပ်သော ပြုစုစောင့်ရှောက်မှုကို မြန်ဆန်စွာပေးနိုင်ရန် ကူညီပေးပါသည်။ သင်သည် သင့်ကလေးမွေးဖွားပြီးနောက် မကြာမီ သူတို့၏ခြေဖနောင့်မှ သွေးဖောက်စစ်ဆေးခဲ့သည်ကို မှတ်မိပါလိမ့်မည်။ ၎င်းသည် အရေးကြီးသော အခြေအနေအချို့အတွက် စစ်ဆေးပေးသော်လည်း အားလုံးအတွက် မဟုတ်ပါ။

GenV နှင့်အတူလုပ်ဆောင်ကာ EpiGNs သည် တူညီသောသွေးစက်ကို အသုံးပြု၍ ပိုများသော မွေးကင်းစကလေးအခြေအနေများအတွက် နည်းလမ်းသစ်တစ်ခု စမ်းသပ်နေပါသည်။ ၎င်းက သင့်ကလေးကို ကူညီနိုင်မည်မဟုတ်သော်လည်း အနာဂါတ်တွင် အခြားကလေးများစွာကို ကူညီနိုင်ပါသည်။

သင့် GenV and Me စစ်တမ်းများတွင်၊ ကျွန်ုပ်တို့သည် သင့်ကလေး၏ ကျန်းမာရေးနှင့် ကျန်းမာရေးအခြေအနေများအကြောင်း မေးမြန်းပါသည်။ သင့်အဖြေများသည် မိသားစုများအား ပုံမှန်ပြုစုစောင့်ရှောက်မှု၏ အစိတ်အပိုင်းဖြစ်ထားလျှင် EpiGNs က မည်မျှကူညီနိုင်ကြောင်း ဆန်းစစ်ရန် ကူညီပေးပါသည်။ သင့်အကူအညီဖြင့် ကျွန်ုပ်တို့ ခန့်မှန်းနိုင်၊  ကြိုတင်ကာကွယ်နိုင်ပြီး စောစီးစွာ ကုသနိုင်ပါသည်။

EpiGNs နှင့် လက်ရှိပူးပေါင်းဆောင်ရွက်မှုများအကြောင်း ဒီမှာ ဖတ်ပါ
 

GenV စတားများ – Jatender

ရွှေကြယ်
GenV စတားများ – Jatender

ကျွန်ုပ်တို့၏ စီမံကိန်းကြီးက သင့်ဒေတာအားလုံးကို မည်သို့ကိုင်တွယ်ကြောင်း သင်သိချင်ပါသလား။ Jatender နှင့် တွေ့ဆုံလိုက်ပါ!  သူသည် GenV အတွက် ဒေတာခေါင်းဆောင် ဖြစ်ပါသည်။

Jatender သည် သူ၏နေ့ရက်များကို GenV ဒေတာကမ္ဘာထဲတွင်  ကုန်ဆုံးစေပါသည်။ ဒေတာစုဆောင်းခြင်းမှ ဆက်လက်ထည့်သွင်းလုပ်ဆောင်ခြင်းအထိ၊ သူသည် သင့်ဒေတာများကို လုံခြုံအောင်ပြုလုပ်ပြီး အစအဆုံး ကောင်းစွာစီမံပါသည်။

သင့်ဒေတာများက ပဟေဠိအပိုင်းအစများသဖွယ် ဖြစ်သည်ဟု Jatender က ပြောပါသည်။ သူ၏အလုပ်မှာ သုတေသီများအနေဖြင့် ပုံစံပက်တမ်များကို ရှာဖွေတွေ့ရှိပြီး စူးစမ်းမှုများ လုပ်ဆောင်နိုင်စေရန် ဤဒေတာများကို အတူတကွ ပေါင်းစည်းပေးခြင်းဖြစ်သည်။

သင်ပါဝင်ပါက အခြားကလေးများနှင့် မိဘများကို ကူညီနိုင်မည်ဖြစ်ကြောင်း GenV က ကတိပေးပါသည်။ Jatender နှင့် သူ၏အဖွဲ့သည် ကျွန်ုပ်တို့ပန်းတိုင်ဆီသို့သွားရာတွင် အရေးကြီးသော ခြေလှမ်းကျောက်တိုင်တစ်ခု ဖြစ်ပါသည်။

Jatender ကိုသိရန် ဒီမှာ နှိပ်ပါ
 

GenV ကို ပုံဖော်ရာတွင် ကျွန်ုပ်တို့အား ကူညီပေးပါ

ကျွန်ုပ်တို့၏ ပါဝင်သူအကြံပေးပန်နယ်ကို ဒီမှာ ချိတ်ဆက်ပါ။ 
မေးခွန်းများ သို့မဟုတ် ထင်မြင်တုံ့ပြန်ချက်များ ရှိပါသလား။ သင့်အားဆက်သွယ်ရန် အသေးစိတ်အချက်များကို ပြောင်းလဲခဲ့ပါသလား။ ကျေးဇူးပြု၍ GenV အဖွဲ့သို့ အောက်ပါတို့တွင် ဆက်သွယ်ပါ -

ဖုန်း - 1800 GEN VVV (1800 436 888) 
အီးမေးလ် - genv@mcri.edu.au 
ဝက်ဘ်ဆိုက် - www.genv.org.au

GenV သို့ ကျွန်ုပ်တို့၏ အောက်ပါဆိုရှယ်မီဒီယာများ မှတဆင့် ဆက်သွယ်ပါ -

FacebookInstagramTwitterYouTube
GenV လိုဂို

GenV ကို Murdoch Children’s Research Institute (MCRI) မှ ဦးဆောင်သည်၊ တော်ဝင် ကလေးဆေးရုံ (The Royal Children’s Hospital) နှင့် မဲလ်ဘုန်းတက္ကသိုလ် (The University of Melbourne) မှ ပံ့ပိုးသည်၊ Paul Ramsay ဖောင်ဒေးရှင်း (Paul Ramsay Foundation) ၊ ဗစ်တိုးရီးယန်းအစိုးရ (Victorian Government) ၊ တော်ဝင် ကလေးဆေးရုံ ဖောင်ဒေးရှင်း (The Royal Children’s Hospital Foundation) ၊ အမျိုးသားကျန်းမာရေးနှင့် ဆေးဘက်ဆိုင်ရာ သုတေသနကောင်စီ (National Health and Medical Research Council) နှင့် ဆေးဘက်ဆိုင်ရာသုတေသန အနာဂါတ်ရန်ပုံငွေ (Medical Research Future Fund) တို့မှ ငွေကြေးထောက်ပံ့သည်။ 

GenV အား ပံ့ပိုးကူညီသူများနှင့် ပါတနာများ၏ လိုဂိုများ
 
 
  Forward 

ဗစ်တိုးရီးယား မျိုးဆက် (Generation Victoria), Murdoch Children's Research Institute

The Royal Children's Hospital

50 Flemington Road, Parkville VIC 3052

 

Copyright © 2024 Generation Victoria

 

GenV သည် ဗစ်တိုးရီးယားတစ်ဝိုက်ရှိ ကျွန်ုပ်တို့အလုပ်လုပ်သောနယ်မြေများ၏ ထုံးတမ်းစဉ်လာအုပ်ထိန်းမှုများကို အသိအမှတ်ပြုပါသည်။ ကျွန်ုပ်တို့သည် သူတို့၏ ရှေးယခင်၊ ယခုလက်ရှိနှင့် ပေါ်ပေါက်လာနေသော သက်ကြီးရွယ်အိုများကို အရိုအသေပေးပါသည်။

 

သင်သည် GenV တွင် ပါဝင်သူတစ်ယောက် ဖြစ်သောကြောင့် ဤအီးမေးလ်ကို ရရှိခဲ့ခြင်းဖြစ်သည်။ သင်သည် ဤအီးမေးလ်မှ စာရင်းသွင်းမှုကို မရပ်ဆိုင်းပါက ကျွန်ုပ်တို့သည် အခြားသက်ဆိုင်ရာ အပ်ဒိတ်များနှင့် ဖိတ်ကြားမှုများနှင့်အတူ အချိန်နှင့်အမျှ သင့်အား ဆက်သွယ်ရန် လိုအပ်နေသေးလိမ့်မည်။ မေးခွန်းများရှိပါက ကျေးဇူးပြု၍ ကျွန်ုပ်တို့အား ဆက်သွယ်ပါ။

 

App Store နှင့် Apple App Store လိုဂိုတို့သည် Apple Inc. ၏ ကုန်အမှတ်တံဆိပ်များ ဖြစ်သည်။ Google Play နှင့် Google Play လိုဂိုများသည် Google LLC ၏ ကုန်အမှတ်တံဆိပ်များ ဖြစ်သည်။

 

MCRI ကိုယ်ရေးကိုယ်တာလုံခြုံမှု မူဝါဒ | ကျွန်ုပ်တို့အား ဆက်သွယ်ပါ 

 

Preferences  |  Unsubscribe